သားသား မီးမီးလေးများ ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ထက်မြက်စွာ ကြီးပြင်းလာစေရန်အတွက် Pre-School နှင့် အဂ်လိပ်စာကို အခြေခံမှစ၍ နောင်တချိန် အဆင့်မြှင့် အဂ်လိပ် (Advance English) အထိ ချောချောမွေ့မွေ့ တတ်မြောက်စေရန်အတွက် Young Learners Classes များ ထားရှိပေးထားပါသည်
2 years ~ 6 years
Toddlers, Nursery, PreKg, Kg
Monday - Friday (9 AM to 3 PM)
Available
ဘာသာစကား - Myanmar & English
စသည့် ဘာသာရပ်များကို အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမ များ၏ ပြုစုပျိုးထောင်မှုများနှင့်အတူ သားသား မီးမီးလေးများ ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ထက်မြက်စွာ ကြီးပြင်းလာစေရန်အတွက် သင်ကြားပေးပါသည်။
6 years ~ 13 years
Toddlers, Nursery, PreKg, Kg
Saturday & Sunday
Times For:
"ဟီးရိုး" လေးတွေ ကို အဂ်လိပ်စာကို အခြေခံမှစ၍ နောင်တချိန် အဆင့်မြှင့် အဂ်လိပ် (Advance English) အထိ ချောချောမွေ့မွေ့ တတ်မြောက်အောင် CEC မှ ဂရုတစိုက်သင်ကြားပေးပါသည်။
ကျောင်းသားဟောင်းများ / ကျောင်းသားမိဘများ နှင့် သင်ကြားရေးအပိုင်းတွင် ပါဝင်ကူညီ သင်ကြားပေးဖူးသော ဆရာ/ဆရာမများ၏ ရင်တွင်းစကားသံများ
Thank you so much for taking care of my son. What makes me most satisfied is that the principle and teachers never hesitate to have the discussion and adopt the appropriate actions for child improvement. And they always try to bring the most out of the child. As a mom, I sincerely appreciate for it.
Classic Education Centre ရဲ့ ၂၀၂၃ Summer Programme မှာ e-Waste Awareness Sessions ပါဝင်ကူညီသင်ကြားပေးဖူးတဲ့ ဆရာမတစ်ယောက်ပါရှင့်။ CEC မှာ ကျွန်မရဲ့ မျက်မြင်ကိုယ်တွေ့ကြုံဆုံခဲ့ရသမျှကတော့ Pre-school, KG, Primary and Secondary Students လေးတွေအပေါ်မှာ ဆရာမကြီးနဲ့တကွ ဆရာမလေးများအားလုံးရဲ့ အင်မတန် မွန်မြတ်လှတဲ့စေတနာ၊ နိုးကြားထက်မြက် စာတတ်ပေတတ်ဖြစ်စေချင်တဲ့ စိတ်နေစိတ်ထား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ဆန္ဒနဲ့ ပြည်သူလူထု ကျန်းမာရေး အသိပညာမြင့်မားစေလိုတဲ့ ရည်ရယ်ချက်တွေ၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ လိုက်လျောညီထွေ သင်ကြားပို့ချမျှဝေသင့်တဲ့ ဘာသာရပ်ရွေးချယ် အကောင်အထည် ဖော်နိုင်ခဲ့တာတွေဟာ စိတ်ရောကိုယ်ပါနှစ်ပြီး အနှစ်နှစ်အလလ ပျိုးထောင်တည်ဆောက်ကြိုးစားခဲ့ရတဲ့ တကယ့်ရှားပါး အဖိုးတန်လှတဲ့ အနှစ်သာရတွေချည်းပါရှင်။ မိဘအုပ်ထိန်းသူများနဲ့လည်း အမြဲမပြတ်ဆွေးနွေးခွင့် Parenting Sessions တွေ ရှိနေလို့ မိမိတို့ရဲ့ ရင်နှစ်သည်းချာ ကလေးတွေအတွက် တိုးတက်ရာတိုးတက်ကြောင်းလေးတွေ မျက်ခြေမပြတ်စေရပါဘူး။ ကျွန်မ သဘောအကျဆုံးအချက်ကတော့ စံတန်ဖိုးတစ်ခုအနေနဲ့ အရည်အသွေးမြင့်ပညာရေးကို ဇွဲနပဲ အားမာန်အပြည့်နဲ့ ချီတက်နေတဲ့ နေ့စဉ်သင်ကြားပုံနဲ့ လက်တွေ့သင်ခန်းစာနည်းစနစ်တွေကိုပါပဲ။ ကလေးတွေရဲ့ ဘဝရှေ့ရေးတစ်လျှောက် အရည်အသွေးမြင့်ပညာရေးအတွက် အခုကတည်းက စိတ်ချချင်တယ်ဆိုရင်တော့ potential အလားအလာလည်းရှိ၊ International Exposure လည်းရှိတဲ့ CEC မှာ ယုံယုံကြည်ကြည် ကျောင်းအပ်နှံကြပါလို့ အပြည့်အဝထောက်ခံ အကြံပြုပါရစေရှင်။
သားသားက CEC Online Class ကို သင်ကြားနေပါတယ် Online Class သင်ကြားခြင်းကြောင့် ကလေးလဲ သင်ကြားမှုအပိုင်းရော ဆရာမတွေနဲ့လဲ အဆက်မပြတ်သွားဘူး မိဘတွေအနေနဲ့လဲ ကလေးရဲ့သင်ကြားမှုပိုင်းကို ကိုယ်တိုင် သိရှိနိုင်တယ်
ခက်ခက်ခဲခဲကာလမှာ ခလေးတွေကို ပစ်မထားပဲ အထူးဂရုစိုက်ပေးပါသော တီချယ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ Onlineမှ သင်ရတဲ့ အကျိုးကျေးဇူးကတော့ သင်ခန်းစာတွေကို မိဘမှသိရခြင်း။ မိဘနှင့်ခလေးပိုပီး close ဖြစ်ခြင်း။ ခလေးရဲ့အားနည်းချက်ကို ပိုပီးအလေးထားမိခြင်း စသဖြင့် အကျိုးကျေးဇူး အများကြီးရပါတယ်။ အစစအရာရာ အသေးစိတ် စီစဥ်ပေးလို့ တီချယ်ရွှေနဲ့ တီချယ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
CEC ကျောင်းမှ သားသားလေးစျာန်ရဲရင့်ထွန်းပါရှင့်။ CEC ကျောင်းကို တက်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်ရှင့်။ CEC ကျောင်းရဲ့ဂရုတစိုက် သင်ကြားပေးမှု လေ့ကျင့်ပေးမှု၊ ပြုစုပျိုးထောင်ပေးမှု တွေကို အတော်လေးလည်း သဘောကျမိပါတယ်။ CEC. ဆရာမများရဲ့ ကျွမ်းကျင်မှု၊ ဂရုစိုက်မှု၊ နည်းစနစ်ကျမှုတွေက သားသားလေးအတွက်တော့ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။ CEC ရဲ့သင်ကြားမှုကြောင့် သားသားလေးမှာ အတတ်ပညာများသာမက အသိပညာ ဗဟုသုတ များပါ တိုးတက်ကောင်းမွန်လာသည့်အတွက် မိဘတစ်ယောက်အနေနှင့် အထူးပင် ကျေနပ်ဝမ်းသာလှပါသည်။ သားသားမီးမီးတို့အတွက်တော့ CEC ကျောင်းကအထူးပင် ကောင်းမွန်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါသဖြင့် မိဘများအနေနှင့် လက်မလွှတ်သင့်ပါကြောင်း ပြောကြားလိုပါသည်။
CEC pre-school မှာ တက်ရောက်သင်ကြားခဲ့တဲ့ သားသားလေး စောဇေရဲထွန်းပါ။ CEC ကျောင်းမှ အခြေခံအကောင်းဆုံးဖြစ်အောင်၊ ယဥ်ကျေးလိမ်မာအောင်၊ ရဲရဲဝံ့ဝံ့နဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိအောင် လေ့ကျင့်သင်ကြားပေးခဲ့တဲ့ တီချယ်ကြီးနဲ့ တီချယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ CEC မှာတက်ခဲ့ရတဲ့ အကျိုးကျေးဇူးတွေကတော့ သားသားလေး စောဇေရဲထွန်းရဲ့ လက်ရေး ကောင်းမွန်လာ၊ အဂ်လိပ်စာနဲ့ အသံထွက်တွေလည်း မှန်ကန်ကောင်းမွန်လာပါတယ်၊ ပန်းချီဆွဲတဲ့အခါမှာလည်း သူ့ကိုယ်ပိုင်စိတ်ကူးနဲ့ ဆွဲတတ်ပြီး လိုက်ဖက်တဲ့အရောင်တွေလည်းခြယ်တတ်နေပါတယ်၊ သချ်ာ ကိန်းဂဏန်းတွေလည်း မှန်မှန်ကန်ကန်ရေတွက်နေတတ်ပါပြီ။ Kg Online Learning လုပ်တဲ့အချိန်မှာ သားသားလေး စောဇေရဲထွန်းရဲ့ သင်ယူနိုင်မှုစွမ်းရည်ဟာ ကောင်းနေတဲ့အတွက် ဒါဟာ အခြေခံကောင်းခဲ့လို့ CEC ကျောင်း၏ လေ့ကျင့်သင်ကြားပေးခဲ့တာတွေ ကောင်းခဲ့လို့ဆိုပြီး ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ကျောင်းသားတစ်ယောက်ခြင်းစီကို အရည်အချင်းတွေ အပြည့်အဝပေးနိုင်တဲ့ CEC မှာ သားသားလေးကို တက်ရောက်သင်ကြားစေခဲ့တဲ့အတွက် မိဘများအနေနဲ့ ဂုဏ်ယူမိပါတယ်
CEC က ပြုစုပျိုးထောင်ပေးခဲ့တဲ့ သား ဟန်ထူးသန့်က ဘယ်ကျောင်းကိုပဲ သွားသွား မျက်နှာပန်းလှပါတယ်။
CEC preschool မှာ သားသားကျောင်းတက်ပြီးမှ ဖွံ့ဖြိုးမှုတွေ အများကြီးတွေ့ရတဲ့အတွက် ကျောင်းမှ ဆရာမကြီးနှင့်တကွ ဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်း မိမိရင်သွေးများကို ကောင်းမွန်တိုးတက်စေရန် စည်းကမ်းရှိရန် ပညာအရည်အချင်းပြည့်ဝစေရန် CECကျောင်းတွင် လာရောက်အပ်နှံရန်အကြုံပြုပါသည်။
ကလေးတွေရဲ့သင်ကြားရေးနဲ့ဖွံ့ဖြိုးရေး အထူးဂရုစိုက်ပေးတဲ့ကျောင်းဖြစ်လို့နှစ်သက်ပါတယ်
မီးမီးက ကျောင်းတက်ပြီးနောက်ပိုင်း လူမှု ပေါင်းသင်း ဆက်ဆံရေး ကောင်းလာပါတယ်ရှင် ကျောင်းပျော်လာပြီး တက်တက်ကြွကြွရွှင်လန်းလန်းနဲ့ သူငယ်ချင်းတွေနဲ့ နေချင်လာပါတယ်
မီးမီးလေးကအ ရင်ကဆိုလူကြောက်တတ်တယ်ပါတယ်။ ယခုဆိရင်လူမကြောက်တော့ပါရဲရင့်လာပြီး ပညာရေးမှာလည်းအဆင်သင့်ဖြစ်နေပါပြီ
ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မူအတွက်အားရကျေနပ်မူရှိပါသည်
မီးမီးလေးကျောင်းနေပျော်ပြီးဖွံဖြိုးတိုးတက်လာပါတယ် တစ်နှစ်အတွင်းကျေနပ်အားရပါတယ်ရှင်
ကလေးအတွက်လုံခြုံစိတ်ချရသောကျောင်းပါရှင်။ သဘောထားပြည့်ဝပြီးအေးချမ်နွေးထွေးမှုရှိသောတီချယ်ကျောင်းအုပ်ဒေါ်ခန့်ခန့်ဇော်ကိုလေးစားအားကျပါတယ်ရှင်