မိမိတို့၏ သားသားမီးမီးလေးတွေကို ငယ်စဉ်အရွယ်ကတည်းမှာ သေချာပျိုးထောင်ထားမှ ထက်မြက်ထူးချွန်တဲ့ လူစွမ်းကောင်းလေးတွေ ဖြစ်လာမည် ဖြစ်ပါသည်။ CEC မှ သားသား မီးမီးလေးများအတွက် အဆင့်မြင့် ပညာရေးအပြင် အက၊ ကစားစရာ၊ အင်္ဂလိပ် ဘာသာစကား၊ နိုင်ငံတကာ အဆင့်မှီ ပွဲတွေနဲ့ အထွေထွေဗဟုသုတ၊ activities မျိုးစုံနဲ့ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ ပညာ နဲ့ ပြည့်စုံတဲ့ ဆရာ ဆရာမများမှ စနစ်တကျ သေချာ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
သားသား မီးမီးတို့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်အတွက် English Application အသုံးပြုပြီး ငယ်စဉ်ကတည်းက နည်းပညာနဲ့ အကျွမ်းတဝင်ရှိလာအောင် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ဒါ့အပြင် CEC မှ ကျောင်းပြီးမြောက်အောင်မြင်ထားသော သားသားမီးမီးများအတွက် SKT International College မှာ VIP အဖြစ် Discount များစွာကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။
CEC is a private pre-school to support all children (age between 2-5 year) who want to learn English language as a second language besides Burmese language and in order to improve much about basic English.CEC is located in Tharkayta Township, yangon , Myanmar. Our CEC private pre-school goals are as below:
What will your children get from CEC private pre-school as benefits? Here are some benefits:
In CEC private pre-school, Children are well prepared for their physical , mental, emotional, social, good characters and personality, self-confidence and self-help skill during the most critical period of their life. We give our love , kindness , care, and support to their fullest potential in our safe environment.
လူသားတစ်ယောက် ဖြစ်တည်ရခြင်းရဲ့ တန်ဖိုးတွေကို တည်ဆောက်ပေးချင်တယ်
Principal and Founder
Classic Education Centre ရဲ့ ပဲ့ကိုင်ရှင် ကျောင်းအုပ်ကြီး နာမည်မှာ ဒေါ်ခန့်ခန့်ဇော်ဖြစ်ပါသည်။ ၂၀၁၂၊ ဖေဖော်ဝါရီမှာ CEC ကျောင်းကြီးကို စတင် တည်ထောင်ခဲ့ပြီး သက်တမ်း (၁၁နှစ်) တိုင်တိုင် ထက်မြက်ထူးချွန် ဟီးရိုးရင်သွေးငယ်လေးများစွာကို ပျိုးထောင်သင်ကြား ပေးလျှက်ရှိပါသည်။ "ဟီးရိုးသားသားမီးမီး" လေးကို ဦးဆောင်လေ့ကျင့်သင်ကြားပေးနေတဲ့ ကျောင်းအုပ်ကြီးရဲ့ Educational Background ကိုလည်း မေမေတို့သိအောင် ဖော်ပြပေးချင်ပါသည်။
ကျောင်းအုပ်ကြီး ဒေါ်ခန့်ခန့်ဇော် ရဲ့ ပညာအရည်အချင်း (Educational Background) များမှာ
စာသင်နှစ်အတွေ့အကြုံများမှာ - 1995 ခုနှစ် ကတည်းက စတင်ခဲ့ပြီး Singapore မှာ လည်း အချိန်ပိုင်း စာသင်ကြားပေးခဲ့ပြီး ရန်ကုန်မှ International School တစ်ခု တွင်လည်း သုံးနှစ်ကြာတဲ့အထိ Primary. PreKG နဲ့ KG Level တွေကို 2012 ခုနှစ်အထိ စာသင်ကြားပေးခဲ့ပါသည်။
CEC ကျောင်းကို တည်ထောင်ခဲ့တဲ့ ကျောင်းအုပ်ကြီး ဒေါ်ခန့်ခန့်ဇော်ရဲ့ ရင်တွင်းခံစားချက်လေးကတော့
"I want to change the world around me by the quality education to the better future of our children in Myanmar. As they need to have the kindness, warmth, loving, caring and sharing for the humanity."
CEC ကျောင်းက ဆရာမတွေအကုန် ရင်ထဲ ရှိနေတဲ့ ခံစားချက်လေးတွေက ဟီးရိုးသားသားမီးမီးလေးတွေအတွက် "လူသားတစ်ယောက် ဖြစ်တည်ရခြင်းရဲ့တန်ဖိုးတွေတည်ဆောက်ပေးချင်တယ်" ဆိုတဲ့ ခံယူချက်ကိုလက်ကိုင်ထားတာပဲ ဖြစ်ပါသည်။
ကလေးတိုင်းဟာ တန်ဖိုးရှိတဲ့ ဟီးရိုးလေးတွေ ဖြစ်ပါတယ်။
Co-Founder & Head Teacher
တီချယ်ရှင်းသန့် က CEC စတင်တည်ထောင်ကတည်းက ဟီးရိုးလေးတွေကို ပြုစုပျိုးထောင်ပေးနေသူ တစ်ဉီးဖြစ်ပြီး 2018 ကနေ 2023 ထိ (5) နှစ်တိုင်တိုင် ကျောင်းအုပ်ကြီးကိုယ်တိုင် လမ်းညွှန်သင်ကြားပေးထားသော တီချယ် တစ်ဉီးဖြစ်ပါသည်။
ဟီးရိုးလေးတွေအတွက် နွေးထွေးတဲ့ ဒုတိယအိမ်၊ တစ်ယောက်ချင်းစီ အသေးစိတ်မှု၊ နားလည်မှူအပြည့်နဲ့ ကလေးတွေအတွက် အမြဲအားထုတ်ကြိုးစားနေတဲ့ တီချယ်လေးတစ်ဉီးဖြစ်ပါသည်။ လူငယ်တစ်ဉီး ဖြစ်သောကြောင့် အမြင်ကျယ်ကျယ်နဲ့ ဟီးရိုးလေးတွေအတွက် အဆင့်မြှင့်ပညာရေးကို မြှင့်တင်နိုင်အောင် အမြဲအားစိုက်ပြီး ကြိုးစားနေသူ တစ်ဉီးလည်း ဖြစ်ပါသည်။
တီချယ်ရှင်းသန့် ရဲ့ ပညာအရည်အချင်း (Educational Background) များမှာ
တီချယ် ရှင်းသန့်ရဲ့ ရင်းတွင်းဖြစ်စကားလေးကတော့
"ကျွန်မငယ်ငယ်က မူကြိုဘဝအစမှာတင်စိတ်ဒဏ်ရာဖြစ်ခဲ့ရတာကြောင့်ကျွန်မရဲ့ကျောင်းမှာရှိတဲ့ကလေးငယ်တိုင်းကို လူ့ဘဝရဲ့အစ ပထမဆုံးခြေလှမ်းအစမှာကျွန်မအနေနဲ့သူတို့အတွက်လူ့ဘဝရဲ့မရှိမဖြစ်အပြည့်ဝခံစားပိုင်ခွင့်ရှိတဲ့ချစ်ခြင်းမေတ္တာ၊ အခြေ ခံအုတ်မြစ် အစိတ်အပိုင်းကောင်းလေးတစ်ခုတစ်သက်တာလက်ဆောင်ထည့်ပေးချင်တာပါ။ ဒါကြောင့် ကျွန်မတို့ ကျောင်းမှာရှိတဲ့ကလေးတိုင်းဟာ ကျွန်မတို့အတွက်တန်ဖိုးရှိတဲ့လူသားလေးတွေ ဖြစ်ပါတယ်။"
တီချယ်ရှင်းသန့်အပါအဝင် CEC မိသားစုရဲ့ ခံယူချက်တွေက ကလေးဉာဏ်ရည်ဖွံဖြိုးအောင် စာတွေချည်းပဲ သင်ပေးတာမဟုတ်ပဲ ကျောင်းနေပျော်အောင်၊ လူ့ကျင့်ဝတ်နားလည်လာအောင်၊ ဘဝနဲ့ ကျောင်းဘဝ မှာအခြေချခိုင်မာအောင် Basic foundation ချပေးတာမျိုး ဖြစ်ပါသည်။ ဒါ့အပြင် ကလေးလုံခြုံရေး၊ ကလေးရဲ့အားကိုးရာ၊ ကလေး ကျောင်းမှာ မေတ္တာမပြတ်သွားဖို့ CEC မိသားစု က ဒုတိယမိခင်ပမာ စောင့်ရှောက်ပေးနေခြင်း ဖြစ်ပါသည်။
Our kids are precious for us.
We value our kids who will create the future world to be beautiful.
We trust and believe that they develop physically and mentally.
We train them to be smart, confident, active, creative, honest and responsible with right thinkings.